စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

ချိုင့်ဝမ်းတစ်လျှောက် စောက်ရှောက်သူ

“ငါက ကောင်းကင်နိုင်ငံသွားရမှာကို စိတ်ချလို့၊ သေချာလို့ သေခြင်းကိုမကြောက်ဘူး။ ဒါပေမယ့် သေရမှာဆိုတဲ့ဖြစ်စဉ်ကိုကြောက်တယ်။” ဟု လူတစ်ချို့၏ စကားကို ကျွန်တော်သွားဖူးသည်။ ဟုတ်ပါသည်။ ခရစ်ယာန်ဖြစ်သောကြောင့် ကောင်ကင်နိုင်ငံသို့ ဦးတည်နေခြင်ငြားလည်း သေခြင်းကိုကြောက်ကောင်းကြောက် နေမည်။ ၄င်းကိုဝန်ခံရန် ရှက်စရာမလို။ ဝေဒနာခံရမှာ၊ မိမိချစ်ခင်ရသူသေဆုံးသွား၍ဝေးကွာရမှာ၊ မိသားစု အတွင်းချွတ်ခြုံကျမှာ၊ လေကနှင့်ဆိုင်သည့် အခွင့်အရေးများကိုရှုံးမှာကို စိုးရိမ်ခြင်းသည်သဘာဝကျပါသည်။
ခရစ်၏ယာန်များသေခြင်းကို ဘာကြောင့်ကြောက်စရာမလိုသနည်း။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်သေခြင်းကို အောင်ခဲ့ပြီးဖြစ်၍ ခရစ်တော်နှင့်အတူရှိသည့် ကျွန်ုပ်တို့လည်း ရှင်ပြန်ထမြောက်မည်။ ထိုကြောင့် ရှင်ပေါလုက ၁ ကော ၁၅း၅၆-၅၇ တွင် “သေမင်း၏လက်နက်ကား ဒုစရိုက် အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏တန်ခိုးကား ပညတ်တရားပေတည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အားအောင်ခြင်းအခွင့် ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
စင်စစ်သေခြင်းတရားဟူသည် ခရစ်တော်နှင့်တစ်သက်လုံးနေရအောင် ကျွန်ုပ်တို့ကို ကြိုဆိုပို့ဆောင်နေ ခြင်းဖြစ်သည်။ သေမင်း၏…

ခြံစည်းရိုးမှ သင်ခန်းစာများ

မတ်လတွင် လေတဟူးဟူးတိုက်ပြီး ခြံစည်းရိုးပြိုသွားရာ မကြာသေးသည့် ယခင်လကမှ ဆောက်ထား ခြင်းဖြစ်၍ ဆောက်ပေးခဲ့သူကို ကျွန်တော်ပထမဆုံးအပြစ်တင်မိသည်။ နောက်မှ သေချာစွာစဉ်းစားကြည့်ရာ ကျွန်တော့်အမှားဖြစ်ကြောင်းသိလိုက်ရသည်။ ခြံစည်းရိုးကို ကွန်ကရစ်တိုင်နှင့်အစားထိုးစရာမလိုကြောင်း “ခြံစည်းရိုးတိုင်အသစ်ကို တိုင်အဟောင်းနဲ့ပဲ တွယ်ကပ်ထားလိုက်သည် အဆင်ပြေပါလိမ့်မယ်” ဟုပြောခဲ့သည် လေမလာခင်အထိအဆင်ပြေခဲ့ပါသည်။
နှုတ်ထွက်တရားစကားကို နားခံခြင်းကျောက်အုတ်မြစ်၌ ကျွန်ုပ်တို့၏ အသက်တာကို တည်ဆောက်ရန် လိုအပ်ကြောင်း ယေရှုက အလေးပေးပြောကြားခဲ့သည်။ “အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား ၍ နားထောင်၏ ထိုသူသည် ကျောက်ပေါ်မှာအိမ်ဆောက်သော ပညာရှိနှင့်တူကြောင်းငါပုံပြမည် မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်ရှိသော် ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။ အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ပဲနေ၏ ထိုသူသည် သဲပေါ်မှာအိမ်ဆောက် သော လူမိုက်နှင့်တူကြောင်းငါပုံပြမည်” (မဿဲ ၇း၂၄-၂၆)။ လေနှင့်မိုးတိုက်ခတ်လာချိန်တွင် ကျောက်ပေါ် ဆောက်သော အိမ်သည်သာလျှင်တည်၏။
ဘုရားစကားကိုကြားရန် အရေးကြီးပါသည်။…

ပြောင်းဖူးနန်းတော်

Mitchell Corn Palace ၏ နံရံထက်၌ အလွန်လှပသည့် နံရံဆေးရေးပန်းချီများကို နှစ်စဉ်နှစ်တိုင်း ခင်းကျင်းပြ သထားသည်။ ငှက်များ အုပ်စုလိုက်ပျံသန်းနေပုံ၊ အနောက်အရပ်သို့ မျက်နှာမူနေ့သည့် မြင်းလှည်းကုန်တွဲများ၊ အမေရိကန်တိုင်းရင်းသားတို့၏ သားရေ၊ သစ်ခေါင်းများနှင့် ကာမိုးထားသည့် တဲ့ပုံများပါရှိသည်။ ဤနံရံပန်းချီတိုင်းကို ဂျုံ၊ ပြောင်း၊ မြက်များဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ အပြင်ဖက်၌ရှိသော ပြောင်းများကို ကျေးငှက်များ လာရောက်စားသောက်သဖြင့် နှစ်စဉ်အသစ်ပြန်လုပ်ရသည်။
သခင်ယေရှုက ငှက်နှင့်မျိုးစေ့များ အကြောင်းနှင့်ပတ်သက်၍ ပုံဆောင်ချက်ကို (မာ ၄း၃-၄၊ ၈) ၌ ပြောဆိုခဲ့သည်။ “နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် မိုးကောင်းကင်ငှက်တို့သည် လာ၍ကောက်စားကြ၏။ … အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ ပွားများ၍ အသီးသီးကြ၏။
ခရစ်တော်က “တရားစကားကို…

အလုပ်လုပ်သောအသင်းတော်

ကျွန်တော်တို့ဇနီးမောင်နှံ၏ နှစ် ၅၀ ရွှေရတု မင်္ဂလာနှစ်ပတ်လည်အဖြစ် နော်ဝေးပြည်ရှိ ချောက်ကမ်း ပါးများကြား ပင်လယ်ရေ၀င်လမ်းတစ်လျှောက် အပျော်စီးသင်္ဘောဖြင့် ခရီးထွက်ခဲ့ပြီး ပျော်ရွှင်ခဲ့ကြသည်။ ကျွန်တော်တို့ မြောက်ဖက်သို့ခရီးပြုရင်း မြို့ရွာပေါင်းများစွာတွင် ရပ်နားကြသည်။ ရံဖန်ရံခါ ဘုရားကျောင်း အချို့သို့လည်း သွားရောက်ခဲ့ကြရာ၊ ၁၂ ရာစုခန့်က ဘုရားကျောင်းတစ်ကျောင်းကို “အခုထိ အလုပ်လုပ်နေတဲ့ အသင်းတော်” ဟု ဧည့်လမ်းညွှန်က ဂုဏ်ယူစွာပြောခဲ့သည်။ ထို့ကြောင့် “ဘာကိုဆိုလိုတာလဲ” ဟု မေးလိုက်ရာ သူမက ၄င်းသည် ပြည်သူပိုင် ဘုရားကျောင်းဖြစ်ပြီး အစိုးရခန့်ထားသည့် သင်းအုပ်က အချိန်တန် လစာထုတ်ရုံသာရှိကြောင်း၊ ဘုရားရှိခိုအစည်းအဝေးကို မည်သူမှ မတတ်ကြဟု ပြောပြသည်။ ဤ ဘုရားကျောင်း၌ လူမရှိလည်း ဘုရားသခင်ကို သစ္စာရှိစွာ ပုံမှန်ဝတ်ပြုလျက်တက်ကြွနိုးထစွာနှင့် နှစ်ပေါင်း ၁၀၀၀ ကျော်မျှ ဆက်ကပ်အစေခံပါသည်တကား။
ချက်ခြင်းဆိုသလို ဗျာဒိတ်အခန်းကြီး ၂ နှင့် ၃…

ကြောက်စိတ်မွှန်မလား၊ ဆုတောင်းမှာလား။

သီလရှင်ကျောင်း၌ တစ်ဦးတည်းနေထိုင်သည့် ၈၅ နှစ်အရွယ်အဘွားအို တစ်ဦးသည် ဓါတ်လှေကား၌ ၄ ညနှင့် ၃ရက်ကြာ ပတ်မိနေခဲ့သည်။ သူ့ထံ၌ ရေတစ်ခရား၊ တရုတ်နံနံတစ်စည်းနှင့် ချောင်းဆိုးပျောက်ဆေးရည် အနည်းငယ်ပါသွား၍ တော်တော့သည်။ ဓါတ်လှေကားပွင့်အောင်၊ ဖုန်းလိုင်းမိအောင်ကြိုးစားရင်း၊ မအောင်မြင်သဖြင့် နောက်ဆုံးတွင် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ဓါတ်လှေကားထဲမှ သူ့ကိုကယ်ထုတ်ခဲ့ပြီးနောက်တွင် သူက “ကြောက်စိတ်မွှန်မှာလား၊ ဆုတောင်းမလား၊ တစ်ခုခုတော့လုပ်ရမှာပဲ” ဟု စီအဲန်အဲန်သတင်းဌာနသို့ ပြောကြားခဲ့သည်။ စိတ်ဒုက္ခရောက်နေချိန်တွင် ဘုရားသခင်ကို ခိုလှုံရင်း သူမကို လာကယ်မည့်အချိန်ကို စောင့်စားနေခဲ့သည်။
အာသမင်းလည်းကြောက်နေမှာလား။ ဆုတောင်းနေမှာလား၊ ဆိုသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည် (၂ရာ ၁၄)။ အင်အားသန်းနှင့်ချီရှိသည့် ကုရှတပ် (အီသီယိုးပီးယား)၏ တိုက်ခိုက်မှုကို ခံရချိန်တွင် အာသမင်းသည် ကြီးမားသော စစ်တပ်နှင့်ရင်ဆိုင်ခဲ့ရသော်လည်း၊ စစ်နည်းဗျူဟာအပေါ် အမှီမပြု ထိတ်လန့်ပြီး နှိမ့်ချခြင်းနှင့် ဆုတောင်းခဲ့သည်။ အာသမင်းသည် ဘုရားအပေါ်အကြွင်းမဲ့ ပုံအပ်အမှီပြုကြောင်း…

ယေရှုသည် နီးနီးလေးမှာ

အသက်လေးနှစ်အရွယ် စယ်မြူရယ်လေးမှာ ညစာစားပြီးပြီဖြစ်၍ “သွားလို့ရပြီလား” ဟုမေးလိုက် သည်။ သူက အပြင်ထွက်ဆော့ချင်သောကြောင့်ပါ။ ထို့ကြောင့် သူ့မေမေက “မရဘူး၊ သားတစ်ယောက်တည်း မသွားရဘူး၊ မေမေစားတာ ပြီးအောင်စောင့်ပြီးမှ မေမေနဲ့အတူသွားရမယ်” ဟုပြောရာ သူက “ယေရှုက သားနဲ့အတူရှိနေတာဘဲ မေမေကလည်း” ဟု အမြန်ပြန်ဖြေလိုက်သည်။ ဘုရားသခင်သည် သူ့အနီး၌ အစဉ်ရှိ ကြောင်းမိဘများ၏ သွန်သင်မှုဖြင့် စယ်မြူရယ်လေး ကောင်းကောင်းသိပါသည်။ ယနေ့ဖတ်ရန် ကျမ်းပိုဒ်တွင် အထက်ပါသင်ခန်းစာကို ယာကုပ်သိရှိခဲ့ကြောင်းတွေ့ရသည်။ သူ့ဖခင် ဣဇက်က သူ့ကို ကောင်းကြီးပေးခဲ့ပြီး မိခင်၏ ဆွေမျိုးသားချင်းများထဲမှ ဇနီးရှာရန် ပြောခဲ့သည့် (က ၂၈း၁-၄)။ သူသည် နာခံလျက် ဟာရန်မြို့ သို့သွားခဲ့သည်။
လမ်းခရီး၌ ရပ်နားအိပ်စက်ပျော်ချိန်တွင် အိပ်မက်၌ ဘုရားသခင်က ကိုယ်ထင်ရှားပြီး “ငါသည် သင့်ဖက်မှာရှိ၏။ သင်သွားလေရာ၌ ငါစောင်မမည်။ သင့်ကို ငါမစွန့်” (း၁၅)…

ဘုရားသခင်၏ လက်တော်၌ရှိနေဆဲ

ကျမ်းစာကျောင်း ပထမနှစ်တက်နေစဉ် မိတ်ဆွေသစ်တစ်ဦး သူမဘ၀အကြောင်းကို ဝေမျှပြောပြခဲ့ သည်။ သူသည် ခင်ပွန်း၏စွန့်ပစ်ခြင်းခံခဲ့ရပြီး၊ ကလေးငယ်နှစ်ဦးနှင့်ကျန်ခဲ့သည်။ ကလေးတစ်ဖက်နှင့် သူ့ဝင်ငွေက နည်းသဖြင့် ဆင်းရဲသောဘ၀၊ အိမ်နီးဝန်းကျင်၌ရင်ဆိုင်ရသော အန္တရာယ်များမှ လွတ်မြောက်ရန် မလွယ်ပါ။
ကျွန်တော်ကလည်း မိဘတစ်ဦးဖြစ်သောကြောင့် သူ့ကလေးများအတွက် သူ၏ သောကပူပန်မူကို ခံစားရကာ “ဒီအခြေအနေကိုမင်းဘယ်လိုဖြေရှင်းခဲ့လဲ” ဟု မေးလိုက်သည်။ ကျွန်တော့် မေးခွန်းကြောင့် သူအံ့သြသွားပုံရပြီး “ဒီလိုဘဲ၊ တတ်နိုင်သလောက်တော့ လုပ်ပေးတာပေါ့။ ပြီးတော့ သူတို့ကို ဘုရားသခင်ရဲ့ လက်တော်ထဲမှာပဲ ထည့်ထားရတယ်”ဟု ဖြေသည်။ ဆင်းရဲဒုက္ခကြားမှ ဘုရားသခင်အပေါ် သူမ၏ ကိုးစားမှုအားဖြင့် ယောဘကြီး၏ ကိုးစားမှုကို ပြန်သတိရမိပါသည်။
တစ်နှစ်အကြာတွင် အသုဘအိမ်သို့ လာနိုင်မည်လားဟု သူမကဖုန်းဆက်လာသည်။ သူ့သားမှာ ကားပေါ်မှာ ကားပေါ်မှ ရမ်းကားပစ်ခတ်မှုကြောင့် သေနတ်မှန် သေဆုံးသွားသည်။ သူမကိုနှစ်သိမ့်ရမည့် စကားလုံး၊ ရှင်းပြ၍မရသော အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍…

အတားအဆီးကျော်နိုင်အောင်မစခြင်း

ကျွန်တော့်သမီး ဒဲဘီ ငယ်စဉ်က ဘဲလေးအကသင်တန်းသွားတက်ရာ လိပ်ထားသည့်အခင်းကို ခုန်ကျော်ရသည့် လေ့ကျင့်ခန်း၌ ဒဲဘီ က ပထမဆုံးခုန်လိုက်သည်တွင် အခင်းလိပ်ကို ခလုတ်တိုက်ပြီး လဲသွားသဖြင့် ကြမ်းပြင်ပေါ်ကျသွား၌ ခဏအကြာ၌ ငိုတော့သည်။ ကျွန်တော်က ချက်ချင်းဆိုသလို သူ့ကို သွားဆွဲထူလိုက်ပြီး နှစ်သိမ့်လိုက်သည်။ ထို့ သူ့လက်ကို ကိုင်ပြီး သူနှင့်အတူ ပြေးလွှားလှုပ်ရှားကာ အခင်းလိပ်ကို အောင်မြင်စွာ ကျော်နိုင်သည်အထိ ကူညီခဲ့၏။ ထိုအတားအဆီးကို အောင်ရန် ဒဲဘီသည် ကျွန်တော်၏ အားပေးမှုကို လိုအပ်ပေသည်။
ရှင်ပေါလု၏ သာသနာပြုပထမခရီးစဉ်တွင် ယောဟန်နှင့် မာကုသည် ရှင်ပေါလုနှင့်အတူ ပါဝင်လုပ်ဆောင်ရင်း သူ့၏ ပုဂ္ဂိုလ်ရေးပြဿနာနှင့် ကြုံခဲ့ရသည်။ ခရီးစဉ်၌ အခြေအနေခက်ခဲလာပြီး နောက်ဆုံး သူထွက်သွားသည်။ ထို့ကြောင့် ဗာနဗက သူ့ကို ဒုတိယအကြိမ် အခွင့်အရေးပေးလိုသော်လည်း ရှင်ပေါလုက သူ့ကို ပြဿနာကောင်အဖြစ်သာ မြင်သည်။ နောက်ဆုံး သူတို့လမ်းခွဲကာ…

အသီးသီးနေဆဲ

တစ်ခါတစ်ရံတွင် ရိတ်သိမ်းချိန်က နောက်ကျတတ်သည်။ တစ်ခါတစ်ရံတွင် မိမိမသိလိုက်ဘဲ မျှော်လင့်ခြင်း မျိုးစေ့ကို ကြဲမိသည်။ တစ်ခါတစ်ရံတွင် မိမိမထင်မှတ် မမျှော်လင့်ထားသော နည်းလမ်းနှင့် အချိန်၌ အသက်တာ၏အသီး (အကျိုးရလဒ်) များသီးပွင့်လာသည်။
ကျွန်တော့်သမီး မဲလီဇာသည် ဘုရားသခင်၏ ကယ်တင်ခြင်း ဆုလက်ဆောင်ကို ငယ်စဉ်ကပင် လက်ခံရရှိခဲ့သည်။ သို့သော် သူ့ကိုယ်သူ အသက်တာများကို ပြောင်းလဲပေးနိုင်စွမ်းသည့် ခရစ်ယာန်ကြီးဟု စိုးစင်းမျှမမြင်ခဲ့ပါ။ သူက အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နှင့် အချိန်ညှိပြီးလှုပ်ရှားနေသူ၊ အားကစား လှုပ်ရှားမှုများ၌ပါဝင်ကာ မျှတသောပေါင်းသင်းဆက်ဆံရေးကို သင်ယူနေသူ၊ ဘုရားသခင်အလိုတော်ရှိသည့် အတိုင်း အသက်ရှင်ရန် အားထုတ်နေသည့် အထက်တန်းကျောင်းသူလေးပါ။
သို့သော် ၂၀၀၂ ခုနှစ်က သခင် သူ့ကို ကောင်းကင်အိမ်တော်၌ ကြိုဆိုလက်ခံခဲ့စဉ်က သူ ၁၇ နှစ် အရွယ်သာရှိသေးသည်။ ခရစ်တော်၌ သူ၏ ယုံကြည်ခြင်းနှင့် သစ္စာတည်သော အသက်တာက စံနမူနာအဖြစ် ကျန်ခဲ့သည်။…

လက်များချထား

ဘုရားကျောင်း၌ ကျွန်တော့်ခြေကို ချုပ်ထားရင်း အမေက “ငြိမ်ငြိမ်နေ” ဟုရေရွတ်တတ်ခြင်းကြောင့် ကျွန်တော်ဒူး၌ အညိုအမဲစွဲစေလိမ့်မည်ဟု သင်တွေးမိမည်။ အခြားကလေးများကဲ့သို့ ကျွန်တော်လည်း ဘုရား ရှိခိုးနေချိန်၌ ဆော့တတ်သောအကျင့်က ဆိုးပါသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးနောက် “ငြိမ်ဝပ်စွာ နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့” (ဆာ ၄၆း၁၀) ဟူသည့် ကျမ်းပိုဒ်ကို ဖတ်ရစဉ် ဂနာမငြိမ်မဖြစ်ဘဲ ငြိမ်ငြိမ်နေရန် ဆိုလိုသည်ဟု ယူဆတွေးမိသည်။
သို့သော် ဟေဗြဲဘာသာ၌ “ငြိမ်ဝမ်ခြင်း” ဟူသည့် စကားက “လှုပ်ရှားရုန်းကန်မှုများ ရပ်ဆိုင်းခြင်း” ဟု အဓိပ္ပါယ်သက်ရောက်သည်။ သင်ရင်ဆိုင်နေရသည့် အခြေအနေ၌ ၀င်မစွက်ဘဲ၊ လက်ကိုဘေးချပြီး ဘုရားသခင်ကို စွက်ဖက်ဝင်ရောက်ဖြေရှင်းခွင့် ပေးလိုက်ရန် ဖြစ်သည်။ သရုပ်ပေါ်လွင်သည့် ဤစကားလုံးက စိတ်ဝင်စားစရာ ကောင်းပါသည်။
ကျွန်ုပ်တို့ မိမိသွားမည့်လမ်း၌ ရှိသည့်အရာများကို လက်ဖြင့် ဖယ်ရှားသည်။ မိမိကိုယ်ကို ကာကွယ်သည်။…